ခရစ်တော်၏ကယ်တင်ခြင်းကိုထင်ဟပ်နေသောအာဇာနည်နေ့

Pastor Kap Lian Thang, President, UMM of SDAs

ယခုနှစ်၊ရန်ကုန်မြို့အာဇာနည်နေ့ကျင်းပမှုအသိပေးချက်များကိုရုပ်မြင်သံကြားမှ မြင်နေရပါသည်။ လွတ်လပ်ရေးကိုတန်ဖိုးထားသူတိုင်း၏စိတ်ကိုညို့စားလျက်ရှိပါသည်။ ၎င်း အာဇာနည်နေ့သည်မနက်ဖန် ဇူလိုင်လ ၁၉ ရက်နေ့တွင်အခန်းအနားဖြင့်မြို့တိုင်းတွင်စတင် ကျင်းပ တော့မည်ဖြစ်ပါသည်။ အာဇာ နည်ခေါင်းဆောင်များ၏သွေးစက်များသည်ကားစင်ပေါ်မှစီးဆင်းလာသောခရစ်တော်၏ ကယ်တင်သောသွေးစက်ကိုထင်ဟပ်လျက်ရှိပါသည်။အမိမြန်မာပြည်သည်ကမ္ဘာပေါ်မှာနေမ၀င်သောနိုင်ငံဟူ၍ကျော်ကြားခဲ့သောအင်္ဂလိပ် နယ်ချဲ့လက်အောက်မှာနှစ်ပေါင်းရာချီပြီးကျွန်ခံခဲ့ရသကဲ့သို့ ဤကမ္ဘာပေါ်ရှိလူသားအားလုံး၊ နှစ်ပေါင်း ထောင်ချီ ၍ စာတန်မာန၏လှည့်ဖျားသွေးဆောင်မှုကြောင့် အပြစ်၏ကျေး ကျွန်ဖြစ်ခဲ့ရပါသည်။ ဗိုလ် ချုပ်အောင်ဆန်း၏ဦးဆောင်မှုဖြင့်မြန်မာလူမျိုးများအင်္ဂလိပ်နယ်ချဲ့လက်အောက်မှလွတ်မြောက် ခဲ့သည် နည်း တူ လူဇာတိကိုခံယူမွေးဖွား၍၊ ကားစင်ပေါ်မှာအသေသတ်ခံခဲ့သောခရစ်တော်ကြောင့် ကမ္ဘာသူကမ္ဘာသား များထာဝရအသက်မျှော်လင့်ခြင်းအလင်းရလာကြပါသည်။ လွတ်လပ်ပြီ၊ ဘဝသစ်စတင်၍ရပြီဆိုသော်ငြား လည်း၊ အတွင်းရန်သူဟူ၍ရှိပါသေးသည်။ အတွင်းရန်သူဟုခေါ်ဆိုရမည်ဖြစ်သော ဂဠုန်ဥိီးစောသည် ပိုမိုမြင့်မားသောအခွင့်အရေးကို မျှော်လင့်လျက်၊ လွတ်လပ်ရေးဖခင်ကြိးကိုလုပ်ကြံခဲ့ပါသည်။ မျှော်လင့်သည့် လွတ်လပ်မှုကိုမရရှိ သည့်အပြင်၊ သေ ဒဏ်၏ဖမ်းစားမှုကိုခံခဲ့ရရှာပါသည်။ ထိုနည်းတူစွာ ယုဒရှကာရုတ် သည် အချောင် ရရှိမည့်ငွေကြေးကို မျှော်လင့်ပြီးသူ့သခင်ကိုရောင်းစားမိ၍ ဆွဲကြိုး၏ပြုစားမှုကိုခံခဲ့ရပါသည်။ လက်လွတ်လိုက် ရသောမျှော်လင့်ချက်ကိုပြန်လွမ်းနေရစမြဲအတိုင်း၊ ဂဠုန်ဥိီးစောသည် သူလက်လွှတ်လိုက် ရသော လွတ်လပ်မှုကိုတောင့်တလျက်၊ သူ့၏တစ်ဦးတည်း သောသမီးကို ဤကဲ့သို့စကားမှာထားခဲ့ပါသည်။ “ဒေါသနှင့်အာဃာတတရားသည် ကောင်းကျိုးကို မပေးပဲ ဆိုးကျိုးကိုသာပေးတယ်။ ချစ်သမီိး၊ အဖေ့ရဲ့ဘ၀ သင်ခန်းစာကိုယူပြီးဒေါသမီးကို ရင်ဝယ်မပိုက် ထွေးဘဲငြိမ်းသတ်ပစ်ပါ။ ရန်ငြိုးဖွဲ့၊ ရန်ငြိုးမထားပဲအာ ဃာတ တရားကိုဖျောက်ဖျက်ပစ်ပါ။” ဂဠုန်ဥိီးစော၏ဘ၀အကျဥ်းကိုဖေါ်ပြခဲ့ရပါသော်၊ သူသည် ဒေါက်တာ ဘမော်အ စိုးရကိုဖြုတ်ချခဲ့ပါ သည်။ ဦးပုအစိုးရကိုလည်းဖြုတ်ချပြီး၊ သူကိုယ်တိုင်နန်းရင်း ၀န်တက် လုပ်၍အစိုးရဖွဲ့ခဲ့ ပါသည်။ နောက်ဆုံး၌သူ၏သံသယစိတ်နှင့်ဗိုလ်ချုပ်ကိုလုပ်ကြံခဲ့ပါသည်။ သူ၏ရာ ထူးမက်မော မှုနှင့်ဒေါသ မီးမ ထိန်းချုပ်နိုင်မှုကြောင့်သူ၏လွတ်လပ်မှုမက၊ သူ့အသက်ကိုပါဆုံး ရှုံးခဲ့ရ ပါသည်။ ထိုနည်းတူ ယုဒရှကာ ရုတ်သည် တပည့်တော်များထဲမှာခေါင်းဆောင်မှု စွမ်းရည်ရှိ သူဖြစ်ပါသည်။ သို့သော် နောက်ဆုံးတွင် သူ ၏လောဘမီး ကိုမထိန်းချုပ်နိုင်ဘဲ၊ သူ့လွတ်လပ်မှု ကိုငွေကြးနှင့် လဲလှယ်ခဲ့ကာ၊ သူ့မိသားစုများကိုစကား တခွန်းမျှချန်မထားအားပဲ၊ လောကမှထွက်သွားခဲ့ပါသည်။အထက်ပါဖြစ်ရပ်များကိုခြုံငုံကြည့်ခဲ့ပါသော်၊ စိတ်၏ လွတ်လပ်မှုနှင့်ခန္ဓာကိုယ်၏လွတ်လပ်မှုသည်လူ့စိတ်၌ပါလာသောအတ္တ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန စိတ်များကို ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်းထင်ရှားလျက်ရှိပါသည်။ ဤအရာ များကိုမထိန်းချုပ်နိုင်သည့်အခါ စိတ်၏ လွတ်လပ်မှုကို အလျှင်ထိခိုက်ပြီး၊ ခန္ဓာကိုယ်၏လွတ်လပ်မှုကိုပါ ဆက်လက်ထိခိုက် လာပါသည်။ ဥပမာ-မာနစိတ်ကြောင့်စကားငြင်းခုံရသည်။ ငြင်းခုံရာမှမုန်းတီးမှုဖြစ်လာသည်။မုန်းတီးရာမှ အတင်းပြော လာသည်။အတင်းပြောရာမှဘက်လိုက်မှုရှိလာသည်။ဘက်လိုက်မှုများရှိလာသောအခါ စိတ်ဝမ်းကွဲလာကြ သည်။ စိတ်ဝမ်းကွဲရာမှ စိတ်၏လွတ်လပ်မှုပျောက်ကွယ် သွားသည်။ စိတ်တွင်လွတ်လပ်ငြိမ်းချမ်းမှု မရှိသည့် အခါ လူမှုဆက်ဆံရေးများခြေက်ကပ်လာသည်။အမှန်မှာ ကိုယ်ပြောတိုင်းတဖက်သားဆိုးနေသည် မဟုတ် ပါ။ဆိုးနေသူသည်မိမိစိတ်ထဲကမိမိ၏မကောင်းသောနှလုံးသားဖြစ်ပါသည်။ထို့ကြောင့်မိမိ၏လွတ်လပ်မှု သည်မိမိမှာသာတာဝန်ရှိပါသည်။အခြားသူတာဝန်ပေး၍မရပါ။ မိမိလွတ်လပ်မှုကိုမိမိတာဝန်ယူရမည် ဆိုသောအခါ၊မည်ကဲ့သို့တာဝန်ယူရမည်နည်းဟူ၍စိတ်ပူနေသူများရှိကောင်းရှိပါလိမ့်မည်။မပူပါနှင့်။ မျှော်လင့်အားကူးစရာရှိပါသည်။ လောကခေတ်စနစ်ပြောင်းလဲကုန်ပြီ။ကိုလိုနီကျွန်စနစ်မရှိတော့ပါ။ လွတ်လပ်ရေးရကုန်ပြီ။ လောကလူသားအား လုံးစာတန်၏အပြစ်ကျေး ကျွန်မဟုတ်တော့ပါ။ ခရစ်တော် ကယ်တင်ခဲ့ပြီ။ ခရစ်တော်ဘုရားကလွတ်လပ်မှုနည်းလမ်းပြသခဲ့ပါပြီ။ ခရစ်တော်ကိုဖမ်းသတ်ဖို့ရန် ယုဒရှကာရုတ်နှင့် ရောမစစ်သားများရောက်လာသောအခါ၊ ခရစ်တော်က ယုဒရှကာရုတ်ကို “မိတ်ဆွေ” သင်လုပ် ဆောင်စရာအမှုရှိသမျှကိုအမြန်လုပ်ဆောင်ပါဟုပြောခဲ့ပါသည်။ ခရစ်တော်ကသူ့ကို ဖမ်းသတ်မည့် သူကို “မိတ်ဆွေ” ဟုခေါ်ခဲ့ပါသည်။ စိတ်၏လွတ်လပ်မှု၊ ကိုယ်၏ လွတ်လပ်မှုရရှိလိုလျှင် ရန်သူကို “မိတ်ဆွေ” ခေါ်နိုင်ရပါမည်။ သတိရပါ။ ခရစ်တော်၏ခွန်အားသည် သင်နှင့်ကျွန်တော်၏ ခွန်အား ဖြစ်ပါသည်။ 


 ဆောင်းပါးရှင် 
ဦးကပ်လျန်ထန်

No comments:

Post a Comment